Song: ချယ်ရီကိုသာပန်ပါကွယ် Cherry Ko Thar Pan Par Kwal
Year: 2021
Viewed: 10 - Published at: 8 years ago

[Verse 1]
မှန်ကိုလည်း ငဲ့မကြည့်တော့
ကေသာကြော့လည်း ပြေလျော့ခဲ့တယ်
အိမ်မှာ ပန်လာရှာတဲ့
ပိတောက်ပန်း ညှိုးချိန်ဝယ်
ပန်ပါလို့ ဇွတ်မပေးချင်
မပန်ချင်လည်းပဲ ကိုယ်ခွင့်လွှတ်မယ်
ရင်မှာကြင်နာတာတွေ သိပြီသားပါကွယ်

[Chorus] x 2
တောင်ပေါ်မြေမှာ တော်ဝင်ပိတောက်ပန်း မရှိပေမယ့်
ဖြူစင်စေတနာ အရိုးခံစိတ်ရင်း ရှိကြတယ်
ချယ်ရီတွေရယ် ဧည့်ဝတ်မပျက်ပါဘူးကွယ့်
အချစ်ရယ်နော်
လိမ္မာပါတယ် ဗမာမလေး စိတ်မညိုနဲ့
ရွှေညာမြေက ပိတောက်ဝါကို သတိရတဲ့အခါ
ချယ်ရီကိုသာပန်ကာ ကျေနပ်ကွယ်

[Verse 2]
အိမ်ကိုပဲ လွမ်းလို့လား
အရင်လူများ စိတ်မှာအောက်မေ့ရင်
ပြန်ချင်တယ် ဆိုရင်ဖြင့်
ကိုယ်မတားရက်ပါတယ်
ဒါပေမယ့် မင်းမသွားခင်
တောင်ပေါ်သားရဲ့ အချစ်ဆုံးလက်ဆောင်
မပန်တောင် ယူမယ်ဆိုရင်
ကိုယ်ခူးပေးချင်တယ်
[Chorus]
တောင်ပေါ်မြေမှာ တော်ဝင်ပိတောက်ပန်း မရှိပေမယ့်
ဖြူစင်စေတနာ အရိုးခံစိတ်ရင်း ရှိကြတယ်
ချယ်ရီတွေရယ် ဧည့်ဝတ်မပျက်ပါဘူးကွယ့်
အချစ်ရယ်နော်
လိမ္မာပါတယ် ဗမာမလေး စိတ်မညိုနဲ့
ရွှေညာမြေက ပိတောက်ဝါကို သတိရတဲ့အခါ
ချယ်ရီကိုသာပန်ကာ ကျေနပ်ကွယ်

[Repeat Verse 1]

[Repeat Chorus] x 3

(  (Sai Htee Saing) )
www.ChordsAZ.com

TAGS :