Song: Yes-or-no
Year: 2022
Viewed: 28 - Published at: 5 years ago

[Verse 1]
မနေ့ညက အိပ်မက်ဆိုးတွေမက်တယ်
မနက်ကျတော့ မျက်ခုံးများကလှုပ်တယ်
အခန်းထဲကတင်ထားတဲ့ ဖန်ခွက်ရယ်
လေမတိုက်ဘဲနဲ့ ဒီအတိုင်းပဲ ကျကွဲတယ်
ဒီနေ့ဒီနေ့မှာ သူလေးနဲ့တွေ့လို့
အဖြေပေးပါ အဖြေပေးပါ တောင်းထားမိလို့
အိမ်မြောင်ဥကို ကွယ်ကိုင်တွယ်မိသလိုပဲ
တစ်ကိုယ်လုံးတုန်နေလို့ တုန်နေလို့
ကယ်ပါဗျို့

[Verse 2]
ကျွန်တော့မွေးနေ့ (၁၃၄၀)
တန်ခူးလဆုတ် ဆယ်သုံးရက်လို့
ပြောတယ် အိမ်ဘေးနားက ဒေါ်ပုမက
လက်သည် ကျွန်တော်မွေးတုန်းက
အချင်းကစလွယ်နဲ့တဲ့
ဂြိုလ်စီးတွေ ဂြိုလ်နင်းတွေ
ကောင်းမကောင်းသိဖို့
ဆရာကြီးရယ် ဆရာကြီးရယ်
တွက်ချက်ပေးဦး
အချစ်ရေးမှာကွယ် ယတြာလည်းချေမယ်
ဘယ်လိုတုန်း ဖြေပါဦး ဖြေပါဦး
ဘယ်လိုကြုံမှာတုံး
[Chorus 1]
Yes or No တစ်ခုတော့ဖြစ်မယ်
No ဆိုရင် ဝမ်းနည်းရမယ်
ကောင်မလေးရယ် မကျီစားပါနဲ့
ဘယ်လိုတုန်း ဖြေပါဦး
ဖြေပါဦး ဘယ်လိုတုန်း

[Chorus 2]
Yes or No တစ်ခုခုတော့ဖြစ်မယ်
No ဆိုရင် ဝမ်းနည်းရမယ်
ကောင်မလေးရယ် မကျီစားပါနဲ့
ဘယ်လိုတုန်း ဖြေပါဦး
ဖြေပါဦး ခင်ခင်ပျိုမေရယ်

[Rap]
သံယောဇဉ်တွေက ပြည့်နှက်
ရင်ဘတ်မှာ ရှိတာသိလျှက်
ဦးနှောက်ကစဉ်းစား ကြည့်ရင်
ငါမင်းကို သိပ်ချစ်တယ်ထင်
အဲဒီတိုင်းပဲပြုံးသွား
ရင်ထဲမှာ ရှုံးမလား
အနိုင်လိုချင်တဲ့စိတ်သည်ငါ့အထင်
အချစ်အမုန်းကိုခွဲခြား ပြုပြင်
ဘဝခရီးလမ်းများစွာထဲလည်း
အဲဒီအချစ်ကပါဝင်ဆဲ
ကုဖို့လုံးဝဆေးမရှိတဲ့
စိတ်ရောဂါ အချစ်တွေပါပဲ
ခံစားချက်ရောထွေးနေတဲ့
ငါ့စိတ်ကရူးနေတုန်းအမြဲ
ငါမင်းကိုချစ်နေတော့လည်း
အဲဒီရောဂါ တစ်ခုပါပဲ
[Verse 3]
သူပေးထားတဲ့
ကောက်ရိုးလေး တစ်မျှင်နဲ့မယ်
မျှော်လင့်ချက်ရဲ့ တန်ဖိုးလေးတွေရှိတယ်
ငါစိုက်ခဲ့တဲ့ အိပ်မက်သစ်ပင်လေးရယ်
တစ်နေ့နေ့တာ့အရိပ်ရလာ လိမ့်မယ်
စိတ်ထဲမှာ စိတ်ထဲမှာ မင်းပဲရှိတယ်
ရင်ထဲမှာ ရင်ထဲမှာ မပြောင်းလဲဘူးကွယ်
ယုံကြည်ပေးပါကွယ် တကယ်ချစ်ပါတယ်
ဘယ်လိုတုန်း ဖြေပါဦး
ဖြေပါဦး ဘယ်လိုတုန်း

[Chorus 1]
Yes or No တစ်ခုခုတော့ဖြစ်မယ်
No ဆိုရင် ဝမ်းနည်းရမယ်
ကောင်မလေးရယ် မကျီစားပါနဲ့
ဘယ်လိုတုန်း ဖြေပါဦး
ဖြေပါဦး ဘယ်လိုတုန်း

[Chorus 2]
Yes or No
တစ်ခုတော့ဖြစ်မယ်
No ဆိုရင် ဝမ်းနည်းရမယ်
ကောင်မလေးရယ် မကျီစားပါနဲ့
ဘယ်လိုတုန်း ဖြေပါဦး ဖြေပါဦး
ဘယ်လိုတုန်း
[Chorus 3]
Yes or No
တစ်ခုတော့ဖြစ်မယ် No ဆိုရင်
ဝမ်းနည်းရမယ် ကောင်မလေးရယ်
မကျီစားပါနဲ့ ဘယ်လိုတုန်း ဖြေပါဦး
ဖြေပါဦး ဘယ်လိုတုန်း

[Chorus 4]
Yes or No တစ်ခုတော့ဖြစ်မယ်
No ဆိုရင် ဝမ်းနည်းရမယ်
ကောင်မလေးရယ် မကျီစားပါနဲ့
ဘယ်လိုတုန်း ဖြေပါဦး ဖြေပါဦး
ခင်ခင်ပျိုမေရယ်

ဟိုး..ဝူး....ဟိုး...

Yes or No

(  (myay-pel-yo) )
www.ChordsAZ.com

TAGS :